ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် လူဦးရေ ၇၅၀၀၀ ကျော် သေဆုံးမှုရှိလာ
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၂၃၃ ဦး ရှိပြီး နိုင်ငံတစ်ဝှမ်း သေဆုံးသူပေါင်း ၇၅၃၆၆ ဦး ရှိကြောင်း ဘရာဇီး ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။







