တရုတ်နိုင်ငံ ဟူဘေးပြည်နယ်တွင် မြေပြိုမှုဖြစ်ပွား လူ ကိုးဦး သေဆုံး
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘေးပြည်နယ်တွင် ဇူလိုင် ၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားပြီး လူ ကိုးဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။
ချီလီတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ၃၀ဝ၀ဝ၀ ကျော် ရှိလာ
ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုပေါင်း ၃၀၁၀၁၉ ရှိလာပြီး ကူးစက်ခံရမှုကြောင့် ၆၄၃၄ ဦး သေဆုံးခဲ့သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် အဘိုးဖြစ်သူ၏ ဂူဗိမာန်သို့ သွားရောက်ဂါရဝပြု
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည်  မြောက်ကိုရီးယား နိုင်ငံအား တည်ထောင်သည့် ခေါင်းဆောင် ကင်အီဆွန်း သေဆုံးသည့် ၂၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ ဂူဗိမာန်သို့ သွားရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
ဂျပန်နိုင်ငံ ဒေသအချို့တွင် မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းမည်
ဂျပန်နိုင်ငံတွင် ရာသီအလိုက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းပြည်အတွင်း နေရာအနှံ့သို့ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည်ဟု ဆိုသည်။ 
ကာတာတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၆၀ဝ ရှိ
ကာတာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရမှု ၆၀ဝ ရှိပြီး ကူးစက်ခံရမှုပေါင်း ၁၀ဝ၉၄၅ အထိ မြင့်တက်လာသည်ဟု ကာတာကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဗြိတိန်နိုင်ငံက သတင်းစာလုပ်ငန်းတွေမှ လုပ်သား ၅၅၀ လျှော့ချဖို့ စီစဉ်နေ