အာဖဂန်နစ္စတန်တွင် အသေခံဗုံး ဖောက်ခွဲမှုဖြစ်ပွား တစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ် မြို့လယ်တွင် ယမန်နေ့က အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ ထိုဗုံးဖောက်ခွဲသူ တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။
ချီလီတွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ ၁၀၈၀ဝ၀ ကျော် ရှိလာပြီး ၁၁၈၈ ဦး သေဆုံး
ချီလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၈၆၈၆ ဦး ရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၁၈၈ ဦး ရှိသည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
ဘရာဇီးနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ၂၉၀ဝ၀ နီးပါးနှင့် သေဆုံးသူ ၁၂၆၀ ကျော်အထိ မြင့်တက်လာ
ဘရာဇီးနိုင်ငံသည် ယမန်နေ့က  ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှု အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း သိရသည်။
အီတလီကို လာရောက် လည်ပတ်မယ့် ဉရောပ နိုင်ငံသားတွေကို စတင်လက်ခံပြီ
အီတလီကို လာရောက်လည်ပတ်မယ့် ဉရောပနိုင်ငံသားတွေကို ဒီနေ့(ဗုဒ္ဓဟူးနေ့)မှစပြီး လက်ခံနေပြီလို့ သိရပါတယ်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၆ ဒသမ ၃ သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည် ၆ ဒသမ ၃ သန်းကျော် အထိ မြင့်တက်လာသည်။