တရုတ်ကင်းလှည့်ရေယာဉ်များ ဂျပန်ရေပိုင်နက်အတွင်း ဝင်ရောက်လာ
တရုတ်ကင်းလှည့်ရေယာဉ် လေးစင်းသည် အရှေ့တရုတ်ပင်လယ်ရှိ စန်ကာကူကျွန်းများအနီး ဂျပန်ရေပိုင်နက်အတွင်း ယနေ့မနက်တွင်  ဝင်ရောက်လာသည်ဟု ဂျပန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။
အမေရိကန်က အီရန်လိုလားသည့်  စစ်သွေးကြွများ၏ နေရာများကို တိုက်ခိုက်
အီရန်နှင့် ဆီးရီးယားတို့က ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့၏ နေရာငါးခုကို စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဘုရားကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွား နှစ်ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဖို့တ်ဝါ့ရှ် မြို့ဆင်ခြေဖုံးရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ဝတ်ပြုနေစဉ်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နှစ်ဦး သေဆုံးခဲ့သည်။
မြောက်ကိုရီးယားကို ဖိအားပေးရန် အမေရိကန်အနေဖြင့် နည်းလမ်းများစွာရှိကြောင်း သမ္မတ ထရန့် ၏ အကြံပေး ပြော
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုများကို ပြန်လည်စတင်မည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုအနေဖြင့် တုံ့ပြန်ရန် နည်းလမ်းများစွာရှိကြောင်း .............
ဟွန်ဒူးရပ်စ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၁၉ ခုနှစ် တွင် သေဆုံးသူ ၁၇၇ ဦးရှိ
ဟွန်ဒူးရပ်စ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း ၁၁၅၀၀၀ အထက်ရှိပြီး ထိုရောဂါကြောင့် သေဆုံးသူ ၁၇၇ ဦးရှိကြောင်း ဒေသန္တရမီဒီယာက ယမန်နေ့က ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် မြူခိုးများထူထပ်အုပ်ဆိုင်းမှုကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွား ခြောက်ဦးသေဆုံး
ယမန်နေ့ညနှောင်းပိုင်းက အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတာပရာဒေ့ရှ်ပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့  ယာဉ်တစ်စီး ထိုးကျခဲ့ရာ ..............