ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ ဗြောက်အိုးစက်ရုံမီးလောင်မှုကြောင့် လေးဦးသေဆုံး
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူပြည်နယ်တွင် ယမန်နေ့ကဗြောက်အိုးစက်ရုံနှင့် အနီးနားရှိနေအိမ်များ မီးလောင်မှုဖြစ်ပွားခဲ့ရာ လေးဦးသေဆုံးပြီး အခြားခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။







