ပါကစ္စတန်အနောက်မြောက်ပိုင်း စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ခုနစ်ဦးနှင့် စစ်သားနှစ်ဦး သေဆုံး
ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ခီဘာပါ့ထန်ခ်ဝါပြည်နယ်တွင် စစ်တပ်နှင့်အကြမ်းဖက်အဖွဲ့တို့ ထိပ်တိုက်ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထိုစစ်တပ်က ယမန်နေ့က ပြောကြားသည်။



