အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အား မသမာသောနည်းလမ်းများဖြင့် ၎င်း၏ပိုင်ဆိုင်မှုများတိုးပွားရန် ဆောင်ရွက်ခဲ့ခြင်းအပေါ် နယူးယောက်ပြည်နယ် ရှေ့နေချုပ်က တရားစွဲဆို

အမေရိကန်သမ္မတဟောင်း  ဒေါ်နယ်ထရမ့်နှင့် မိသားစုဝင်များအပါအဝင် Trump Organization ၏ မန်နေဂျာများအား  မသမာသောနည်းလမ်းများဖြင့် ၎င်း၏ပိုင်ဆိုင်မှုများတိုးပွားစေရန်  ဆောင်ရွက်ခဲ့ခြင်းအပေါ် နယူးယောက်ပြည်နယ် ရှေ့နေချုပ်က တရားစွဲဆိုထားကြောင်း သိရသည်။ 
မြောက်ကိုရီးယားနိုင်ငံ၌ အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ပြည်သူအားလုံး နှာခေါင်းစည်းဝတ်ဆင်ရန် ကြေညာချက်ထုတ်ပြန်
မြောက်ကိုရီးယားနိုင်ငံ၌  အောက်တိုဘာလမှစပြီး ကိုဗစ်-၁၉ ရောဂါ     ကာကွယ်တားဆီးရေး အတွက် ပြည်သူအားလုံး နှာခေါင်းစည်းများ  ဝတ်ဆင် ရမည်ဖြစ်ကြောင်း  မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က  ယနေ့ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 
ဆူဒန်နိုင်ငံ၌  မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် သေဆုံးသူပေါင်း ၁၄၆ ဦးအထိ တိုးလာ
ဆူဒန်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် သေဆုံးသူစုစုပေါင်း ၁၄၆ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရရှိသူ ၁၂၂ ဦးရှိကြောင်း နိုင်ငံ၏  အရပ် ဘက် ကာကွယ်ရေးဆိုင်ရာ အမျိုးသား  ကောင်စီက  စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့် ဂျိုလီ မုတ်သုံကပ်ဘေးရင်ဆိုင်နေရသူများအား ကူညီရန် ပါကစ္စတန် နိုင်ငံသို့ ရောက်ရှိ
နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့် အန်ဂျလီနာဂျိုလီသည်  မုတ်သုံရာသီမိုးရွာသွန်းမှုကြောင့် ရေကြီး ရေလျှံကပ်ဘေးနှင့် ရင်ဆိုင်နေရသူများအား ကူညီရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
အေအိုင်ဒီအက်စ်၊ တီဘီရောဂါနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးအတွက် ဒေါ်လာ တစ်ဘီလီယံကျော် ဂျပန်နိုင်ငံ ကတိပြု
ဂျပန်ဝန်ကြီးချုပ်  ဖူမီယို  ကီရှီးဒါးသည် လာမည့်သုံးနှစ်အတွင်း အေအိုင်ဒီအက်စ်ရောဂါ၊   တီဘီ ရောဂါနှင့် ငှက်ဖျားရောဂါတို့ကို တိုက်ဖျက်ရန်  နိုင်ငံတကာ ရန်ပုံငွေသို့ ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီ ယံ ထည့်ဝင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။
နယူးဇီလန်နိုင်ငံ၌ မျောက်ကျောက်ရောဂါကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိ
နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ လေးဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ကိုးဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။
ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ဝင်ခွင့်ကန့်သတ်ချက် ကာတာနိုင်ငံချမှတ်
ကာတာနိုင်ငံတွင် လက်ခံကျင်းပသော ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ချောမောစွာကျင်းပနိုင်ရန်  ခရီးသွားများဝင်ရောက်ခွင့် ကန့်သတ်ချက်ကို ကာတာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။