အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် လူ ၂၂ ဦး သေဆုံး
အိန္ဒိယနိုင်ငံ အရှေ့ဘက် ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုနှင့် မိုးနှင့်ဆက်စပ်သည့်ဖြစ်စဉ်များကြောင့် ဇွန် ၂၈ ရက်က လူ ၂၂ ဦးထက်မနည်းသေဆုံးပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းဖြစ်သည့် အောလ်အိန္ဒိယရေဒီယိုက ယနေ့ကြေညာသည်။


