ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဖူလုံကျေးရွာရှိ ပတ္တပိုဏ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် THE BRITISH SCHOOL OF BEIJING မှ ဆရာတစ်ဦးနှင့် ကျောင်းသားများမှ စာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းနှင့် အသိပညာများ မျှဝေခြင်းကို ပထမဆုံး အကြိမ်အဖြစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ ၅ ရက်ကြာ လာရောက် ဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။