ကလေးစာပေပွဲတော်(ရန်ကုန်) အစမ်းလေ့ကျင့်မှုများပြုလုပ်
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော် (ရန်ကုန်) အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း(စိန့်ပေါလ်)၌ ကျင်းပခဲ့သည်။