ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) "ဘာဘ်ဘယ်" (BULBUL)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၀၅) မိုင်ခန့်၊ စာဂါကျွန်း (Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်-West Bengal)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၅)မိုင်ခန့်နှင့် မောင်တောမြို့ (Maungdaw)၏ အနောက်တောင်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဉီးစီးဌာနမှ ထုတ်ပြန်ထား