ရန်ကုန် ၂ ဧပြီ

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာန ပရိယတ္တိစာအောင်ဆုငွေပဒေသာပင် စိုက်ထူလှူဒါန်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် နှစ်ဖက်သောမိဘများကို အမှူးထား၍ Excellent Fortune Development Group-EFD Group ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းက အလှူငွေကျပ်သိန်း ၃၀ဝ၀ နှင့် ပရိယတ္တိစာအောင် ဆုငွေပဒေသာပင် စိုက်ထူလှူဒါန်းရန်အတွက် အလှူငွေကျပ် သိန်း ၂၀ဝ၀ တို့ကိုလည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရန်အတွက် နှစ်ဖက်သောမိဘများကို အမှူးထား၍ ရတနာစိုင်းကောင်းမြတ်ကျော် ကုမ္ပဏီလီမိတက် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းခင်မြင့်ရီက အလှူငွေကျပ် သိန်း ၃၀ဝ၀ နှင့် ပရိယတ္တိစာအောင်ဆုငွေပဒေသာပင် စိုက်ထူလှူဒါန်းရန်အတွက် အလှူငွေကျပ် သိန်း ၂၀ဝ၀ တို့ကို ပေးအပ်လှူဒါန်းကြရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

 

(သတင်းစဉ်)

 

1