ကျိုက်ထို ၁၉ ဧပြီ

 

ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်သို့ ပင့်ဆောင်ပူဇော်သည်။

 

‌ရှေးဦးစွာ ယနေ့နံနက် ၅ နာရီခွဲက ထာဝရငြိမ်းချမ်းရေစေတီတော်တွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်တို့အား ရွှေတိဂုံစေတီတော်အထက်ပစ္စယံ ပတ္တမြား မျက်ရှင်ရုပ်ပွားတော် အာရုံခံမှ ဆရာတော်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက ပြန်လည်ပင့်ဆောင်၍ ရွှေတိဂုံစေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်သည်။

 

mdn

 

ထို့နောက် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား ရွှေတိဂုံစေတီတော်မှ ကျိုက်ထီးရိုးစေတီတော်သို့ ပင့်ဆောင်ပူဇော်ရာ မွန်ပြည်နယ်အဝင် စစ်တောင်းတံတား(မုပ္ပလင်)တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်း၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ‌ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များ၊ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဂေါပကအဖွဲ့ဝင်များက ကြိုဆိုပင့်ဆောင်ပြီး ကျိုက်ထီးရိုးစေတီတော်၏ ရင်ငွေလှုံ ပူဇော်ခံသည်။

 

mdn

 

ညပိုင်းတွင် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ရင်ငွေ့လှုံပူဇော်ပွဲအထိမ်းအမှတ် ငြိမ်းချမ်းရေးတရားတော်ကို ဟောကြားချီးမြှင့်ရာ တရားချစ်ခင်သူတော်စဉ် ဓမ္မမိတ်ဆွေများက တရားတော်ကို ရိုသေစွာ နာယူကြည်ညိုကြသည်။

 

mdn

 

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာ ဧပြီလ ၂၀ ရက်တွင်  မော်လမြိုင်၊ ၂၁ ရက်တွင် ထားဝယ်၊ ၂၂ ရက်တွင် ဘားအံ၊ ၂၃ ရက်တွင် သထုံ၊ ၂၄ ရက်တွင် ပဲခူး၊  ၂၅ ရက်တွင် ပုသိမ်၊ ၂၆ ရက်တွင် ဟင်္သာတ၊ ၂၇ ရကတွင် ပြည်၊ ၂၈ ရက်တွင် မကွေး၊ ၂၉ ရက်တွင် ပုဂံ၊ ဧပြီ ၃၀ ရက်မှ မေ ၁ ရက်ထိ မုံရွာ၊ မေလ ၂ ရက်မှ ၆ ရက်ထိ မန္တလေး၊ မေလ ၇ ရက်တွင် ကျောက်ဆည်၊ မေလ ၈ ရက်တွင် သဲတော(ဝမ်းတွင်း)၊ မေလ ၉ ရက်တွင် တောင်ကြီး၊ မေလ ၁၀ ရက်တွင် လွိုင်ကော်၊ မေလ ၁၁ ရက်တွင် တောင်ငူ၊ မေလ ၁၂ ရက်မှ ၁၈ ရက်ထိ နေပြည်တော်တို့တွင် ဒေသစာရီကြွချီ ပူဇော်ခံသွားမည် ဖြစ်ပြီး ဒေသစာရီလှည့်လည် အပူဇော်ခံရာ ခရီးစဉ်တစ်လျှောက်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေး တရားတော်များ ဟောကြားချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဟန်လင်းနိုင်