ထားဝယ် ၁၉ ဧပြီ

           

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျောက်မော်ရပ်ကွက် မြိတ်လမ်းတွင် တည်ထားကိုးကွယ်သော ရှေးဟောင်း သမိုင်းဝင် တဝဂူစေတီတော်၊ ရတနာစိန်ဖူးတော်နှင့် ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇  နာရီခွဲ က တဝဂူဘုရား ပုရဝဏ်၌ကျင်းပခဲ့ကြောင်း သိရသည်။

 

1

 

ရှေးဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့်ဇနီး၊ စေတနာရှင် အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် ထီးတော်အား တဝဂူစေတီတော် အထွဋ်ပေါ်သို့ တင်လှူပူဇော်ပြီး သံဃာတော် အရှင်သူမြတ်များက ဘုရားအနေကဇာတင် လှူပူဇော်ခဲ့ကြသည်။

 

1

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးနှင့် စေတနာရှင်အလှူရှင်များက ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးပြီး သံဃာတော်အရှင်သူမြတ် အပါး (၅၀)အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်။

 

 

1

 

ဆက်လက်၍ နိုင်ငံတော် သြဝါဒစရိယဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တအရိန္ဒမ ထံမှ တက်ရောက်လာသူများက ငါးပါးသီလခံယူဆောက်တည်ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

                                                                                               

ကျော်ကျော်လတ်(ပြန်/ဆက်)