ထားဝယ် ၁၁ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ တစ်မူထူးခြားနေသည်ကိုတွေ့ရှိရသည်။
သာမာန်အားဖြင့် နှစ်သစ်ကူးရေကစားမှုကို တစ်နိုင်ငံလုံးအနေဖြင့် နှစ်စဉ် သင်္ကြန်အကြိုနေ့ (ဧပြီ ၁၃ရက်)မှ စတင်၍ရေပက်ခြင်း၊ ရေပက်ခံထွက်ခြင်းများရှိကြသော်လည်း ထူးခြားမှုမှာ ထားဝယ်မြို့၌ ကလေးသင်္ကြန်ဟူ၍ ဧပြီ ၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေကစားကြသည်။
ရပ်ကွက်/ကျေးရွာများအလိုက် ကလေးများ၊ လူငယ်လူရွယ်များသည် အိမ်ရှေ့နှင့် လမ်းနံဘေးများတွင် အုန်းခက်၊ အုန်းလက်များဖြင့် မဏ္ဍပ်များသဖွယ် ဆောက်လုပ်ကြပြီး သင်္ကြန်သီချင်းများဖြင့် ပျှော်ရွှင်စွာ ရေကစားကြသည်။
ကလေးများ၊လူငယ်လူရွယ်များပျှော်ရွှင်စွာဖြင့်ရေပက်ကစားခြင်းကိုထားဝယ်ရိုးရာယဉ်ကျေးမှုတစ်ရပ် အနေဖြင့် သုံးရက်စော၍ ပျှော်ရွှင်အေးချမ်းစွာရေကစားကြသည်မှာ ထားဝယ်မြို့၏ အစဉ်အလာဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်လတ်(IPRD)


