ထီးလင်းမြို့နယ် မိုးကောင်းကျေးရွာတွင် ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေးသင်တန်းဖွင့်

ထီးလင်း  ၁၄ ဇန်နဝါရီ 


မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တတိယနှစ် စက်ဝန်းအဖြစ် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းက ကြီးမှူး၍ဖွင့်လှစ်ခဲ့သော ဝေဖန် အကြံပြုတိုင်ကြားဖြေရှင်းရေး သင်တန်းဆင်းပွဲကို မိုးကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၁၃ ရက် ညနေ ၅ နာရီက ပြုလုပ်ခဲ့သည်။

 

myat su


အဆိုပါ သင်တန်းတွင် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့မှ ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး တာဝန်ခံ ဦးကျော်ဇေယျက သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝေဖန်အကြံပြုတိုင်ကြား ဖြေရှင်းရေး တာဝန်ခံ ဦးဝင်းကိုကိုက ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေး စနစ်အကြောင်း၊ လက်ထောက်နည်းပညာမှူး ဒေါ်မြတ်စုမွန်က ဝေဖန်အကြံပြုစနစ်ထားရှိခြင်း၏ ရည်ရွယ်ချက်၊ လူထုစည်းရုံးရေးမှူး ဒေါ်ယုဝေအောင်က ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များတို့ကို ပို့ချဆွေးနွေးခဲ့ ကြသည်။ 

 

yu waai


ယခုသင်တန်းတွင် မိုးကောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာလူထုဗဟိုပြု စီမံကိန်းလုပ်ငန်း ကော်မတီဝင်များ ၅၅ ဦးတက်ရောက်ခဲ့သည်။ 

 

u kyaw


ထီးလင်းမြို့နယ်တွင် ဝေဖန်အကြံပြုတိုင်ကြား ဖြေရှင်းရေးသင်တန်းများကို စုရပ်နေရာ ကျေးရွာများအလိုက် နေရာ ၅ နေရာတို့တွင် ဖွင့်လှစ်လျက်ရှိရာ မိုးကောင်းကျေးရွာတွင်ဖွင့်လှစ်သည့် သင်တန်းသည် နေရာ ၃ ခု မြောက်ဖွင့်လှစ်နိုင်ခြင်းဖြစ်ပြီး ကျန် ၂ နေရာအတွက်လည်း ဇန်နဝါရီ တတိယပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN