နေပြည်တော် စက်တင်ဘာ ၁၈
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ထိုင်းဘုရင့်လေတပ် ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လည်ပတ်ကြည့်ရှုကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့် လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


