ထိုင်းလေဆိပ်မှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့သူ ဆော်ဒီအမျိုးသမီးငယ်ကို ကနေဒါနိုင်ငံက လက်ခံလိုက်ပြီ

၁၄ ဇန်နဝါရီ

ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ ပိတ်မိနေတဲ့ အသက် ၁၈ နှစ်အရွယ် ဆော်ဒီအမျိုးသမီးငယ်ဟာ ကနေဒါနိုင်ငံက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့တဲ့အတွက် ပြီးခဲ့တဲ့ စနေနေ့က ကနေဒါနိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ 

mdn

ဆော်ဒီအမျိုးသမီးငယ် ရာဟပ် မိုဟာမက် အယ် ကွန်နွန် က သူ့မိသားစုဟာ သူ့ကို ကိုယ်အား၊ စိတ်အားဖြင့် ညှင်းပန်းနှိပ်စက်ကြောင်း ပြောဆိုပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ဇန်နဝါရီလ ပထမအပတ်က ရောက်ရှိလာပြီး  ဇန်နဝါရီ ၁၁ ရက်နေ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူးက ကွန်နွန်ကို ကနေဒါနိုင်ငံက ခိုလှုံခွင့်ပေးနိုင်ကြောင်း ကြေငြာလိုက်ပါတယ်။ 

ဝန်ကြီးချုပ်ကြေငြာပြီး နောက်တစ်ရက် စနေနေ့မှာ UNHCR လိုဂိုဦးထုတ်ကိုဆောင်း ကနေဒါစလုံးပါ မီးခိုးရောင် ခေါင်းစွတ်အနွေးထည်ကို ဝတ်ဆင်ပြီး ကနေဒါနိုင်ငံတိုရန်တိုလေဆိပ်ကို ရောက်ရှိလာခဲ့ပါပြီ။ ကွန်နွန်ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ကြိုဆိုနှုတ်ဆက်ပြီး ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

mdn

ကွန်နွန်ဟာ ဆိုရှယ်မီဒီယာ တွစ်တာမှတစ်ဆင့် ထိုင်းနိုင်ငံကို စတင်ရောက်ရှိချိန်က စပြီး သူ့ကြုံတွေ့နေသော အဖြစ်အပျက်များကို ကမ္ဘာသူကမ္ဘာသားတွေအား အချိန်နဲ့တစ်ပြေးညီ ပြောပြပြီး သူ့ကို မူရင်းနိုင်ငံကို ပြန်မပို့ရေး အကူညီတောင်းခဲ့ပါတယ်။ 

MDN
ကိုးကား -  AFP