စလင်း  ၂၅  မတ်


မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်ရှိ သစ်တောထွက် ပစ္စည်းဖြစ်သော ထင်း ၉ ဒသမ ဝ၇ တန်အား ယနေ့ နံနက် ၁၁ နာရီက အကျိုးပြုကျေးရွာဖြစ်သည့် ကျွန်းချောင်းကျေးရွာအား ပေးအပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ သစ်တောထွက် ထင်းများမှာ  စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကာကွယ်ထိန်းသိမ်းထားသည့် သဘာဝတောထိန်း (၁၀ဝ၀) ဧကတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ဓမ္မတာမျိုးဆက်ခြင်း လုပ်ငန်းဖြစ်သည့် နွယ်ဖြတ်ခြင်း၊ ရှင်းလင်းခြင်း၊ ပင်ပူးခွာခြင်း၊ ကိုင်းတက်ချိုင်ခြင်းနှင့် ငုတ်တက်ချွန်ခြင်း လုပ်ငန်း (၁၀ဝ)ဧကမှ အပင်ပူးများ ခုတ်လှဲခြင်း၊ ကိုင်းချိုင်ခြင်းမှ ထွက်ရှိသော ထင်းများဖြစ်ပြီး တာဝန်ရှိသူများမှ ကျွန်းချောင်း ကျေးရွာသူ ကျေးရွာသားများသို့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့နောက် ရှားပင် (၃၀ဝ၀)ပင်၊ တမာ(၁၀ဝ၀)ပင် ထပ်မံတိုးချဲ့စိုက်ပျိုးမည့် အရှေ့စလင်း ကြိုးဝိုင်း အကွက်အမှတ်(၄၂) မြေနေရာရှိ တူးဖော်ထားသည့် မြေကျင်းများတွင် သဘာဝမြေသြဇာဖြစ်သည့် နွားချေးထည့်နည်း စနစ်ကို တာကျဝန်ထမ်းများနှင့် သစ်ပင်စိုက်ပျိုးမည့်သူများအား လက်တွေ့သရုပ်ပြခဲ့သည်။


အဆိုပါ စိုက်ခင်းကို မိုးဦးကျ၍ မြေအစိုဓာတ်ရရှိသည့် အချိန်တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


MDN