ဟားခါး ၆ နိုဝင်ဘာ
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၂၉ မိနစ်၊ တွင် ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၅ မိုင်ခန့်ကွာဝေးသော ထန်တလန်မြို့၏ အနောက်တောင်ဘက် ၄၁ မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၂၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၀၆ဒီဂရီ၊ အနက် ၂၁ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
Credit> မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


