နိုဝင်ဘာ ၄
ယနေ့ည မြန်မာစံတော်ချိန် ည ၉ နာရီ ၁၈ မိနစ်အချိန်တွင် ဟားခါးငလျင်စခန်းမှ အနောက်ဘက် (၉)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထန်တလန်မြို့၏တောင်ဘက် (၄)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၂၂ ဒသမ ၆၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၄၄ ဒီဂရီတွင် အနက် ကီလိုမီတာ ၃၀ ၌ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားခဲ့မှုအား တိုင်းထွာရရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


