ထန်တလန် ၃ ဧပြီ
ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း ဧပြီ ၂ ရက် ည ၈ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် အာရ်ကျဲရ်ကျေးရွာ၌ လူနေအိမ်(၁)လုံး၊ ငါလန်ကျေးရွာ၌ မူလွန်ကျောင်းနှင့် လူနေအိမ် (၉)လုံး၊ ထန်ဩကျေးရွာ၌ လူနေအိမ်(၆)လုံးနှင့် ခွာဟရန်ကျေးရွာ၌ လူနေအိမ်(၅)လုံး၊ပညာရေး ဝန်ထမ်းအိမ်ရာ (၂) လုံး၊ ဘာသာရေးအဆောက်အအုံ (၂) လုံးတို့မှာ သွပ်မိုးများလန်ခြင်း၊ မြှားတန်းများကျိုးကျခြင်းနှင့် ပြတင်းပေါက်မှန်များ၊ ပျဉ်ပြားများနှင့် သွပ်ကာများ ပျက်စီးခဲ့ကြောင်း ထန်တလန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်းကြောင့် လေဘေးသင့် ကျေးရွာ (၄) ရွာတွင် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ ပျက်စီးနေအိမ်နှင့် မိသားစုဝင်များအား မြို့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
MDN


