ထန်းတပင် ဇန်နဝါရီ ၁၁

 

ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်နှင့်အနီးအနားရှိ အသက် (၄၀) နှင့်အထက် သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဉ်းရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများခံယူနိုင်ရန် စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများခံယူနိုင်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့က စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။           

 

 မြို့နယ်(ပြန်/ဆက်)