ထန်းတပင် ၂၉ မတ်
နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မတ် ၂၈ ရက် နံနက်ပိုင်း ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်သူ (၃၀)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်သူ (၄၄)ဦး၊ အသက်(၁၀) နှစ်ပြည့်မှ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လှဲလယ်သူ (၄)ဦးနှင့် ပျက်စီး/ပျောက်ဆုံး ကတ်ပြား ပြုလုပ်သူ(၃)ဦး စုစုပေါင်း (၈၁)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ထို့နောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လာရောက်ပြုလုပ်ကြသည့် ပြည်သူများကို အိမ်ထောင်စုစာရင်း ပြုလုပ်ပုံ နည်းလမ်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းတို့က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


