ဖလမ်း ၂၂ မတ် 

ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်များတွင် ထရန်စဖော်မာ အင်အားတိုးမြှင့် လဲလှယ်ခြင်းကြောင့် နှစ်ရက်ကြာ ဓာတ်အားပြတ်တောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့ရှိ ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံတွင် ၅ အမ်ဗွီအေ ထရန်စဖော်မာတစ်လုံးအား ၁၀ အမ်ဗွီအေ ထရန်စဖော်မာဖြင့် အင်အားတိုးမြှင့်လဲခြင်း လုပ်ငန်းကို မတ် ၃၀ ရက်မှ ၃၁ ရက်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။

ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ဟားခါး၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်များတွင် မတ် ၃၀၊  ၃၁ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

ဦးလားဘောမ်အောမာ