ကလျာမိုးမြင့်
ကမ္ဘာအရပ်ရပ်က ထူးခြားသတင်းတွေကို တင်ဆက်ပေးရမယ့်အချိန် ရောက်ရှိလို့လာပြန်ပါပြီ။ ဒီကမ္ဘာကြီးမှာ ကျွန်ုပ်တို့ လက်လှမ်းမမီနိုင်တဲ့ အဆန်းတကြယ် ဖြစ်ရပ်တွေ များစွာရှိနေပါတယ်။ ဒီထဲကမှ ပညာရှင်တွေ လေ့လာသိရှိခဲ့ရတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ သိမှတ်ဖွယ်ရာ သတင်းတွေကို ကြားမြင်သုတပြည့်ဝစေရန် အလို့ငှာ ဖော်ပြပေးလိုက်ရပါတယ်။
ကမ္ဘာမြေပေါ်က အင်းဆက်ပိုးမွှား မျိုးစိတ်ပေါင်း ငါးသိန်းကျော် မျိုးသုဉ်းပျောက်ကွယ်လာနေ
ကမ္ဘာမြေပေါ်မှာရှိကြတဲ့ အင်းဆက်ပိုးမွှားတွေထဲက မျိုးစိတ်ပေါင်း ငါးသိန်းကျော်ဟာ မျိုးသုဉ်းပျောက်ကွယ်မှုကို ရင်ဆိုင်နေရပြီဖြစ်ပြီး အဲဒီအင်းဆက်တွေ ပျောက်ကွယ်မှုက သက်ရှိလူသားတွေအတွက် ကြီးမား တဲ့ကပ်ဘေးတစ်ခုလိုမျိုး ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက လူသား မျိုးနွယ်တွေအတွက် သတိပေးချက်တစ်ခုအနေနဲ့ ဖော်ပြခဲ့ပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ အင်းဆက်မျိုးသုဉ်း ပျောက်ကွယ်မှုဟာ အလွန်စိုးရိမ်ဖွယ်ရာကောင်းလှတယ်လို့ သဘာဝသမိုင်းကြောင်းဆိုင်ရာ ဖင်းနစ်ရှ်ပြတိုက်က ဇီဝပညာရှင် ပီဒရိုကာဒိုဆိုက ယခုရက်ပိုင်းအတွင်း ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာသုံးသပ်ချက်တစ်ခုမှာ ဆိုထားပါတယ်။ ပျံသန်းနိုင်၊ တွားသွားနိုင်း တွင်းထဲအောင်းပြီး ရေပေါ်မှာခုန်ပေါက်သွားလာနိုင်တဲ့ ကြမ်းပိုး ကဲ့သို့သော အင်းဆက်သတ္တဝါမျိုးတွေ ပျောက်ကွယ်သွားခြင်းဟာ အင်းဆက် မျိုးစိတ်တွေ အကြီးအကျယ် မျိုးသုဉ်းပျောက်ကွယ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ။
ဒါကပြီးခဲ့တဲ့ နှစ်သန်းပေါင်းများစွာအတွင်းမှာ ခြောက်ကြိမ်မြောက် ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မျိုးသုဉ်း ပျောက်ကွယ်မှုဟာ လွန်ခဲ့သော နှစ်ပေါင်း ၆၆ သန်းအကြောက ဖြစ်ပြီး အာကာသထဲက ကျောက်စိုင်တစ်ခုက ကုန်းမြေပေါ်မှာ နေထိုင်တဲ့ ဒိုင်နိုဆော သတ္တဝါတွေနဲ့တခြားသက်ရှိပုံစံအများစုကိုသုတ်သင်ဖယ်ရှားပစ်လိုက်တယ်လို့ ဆိုပါတယ်။
ယနေ့အခါမှာတော့ အင်းဆက်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်လာတဲ့ အရေးမှာ ကျွန်ုပ်တို့လူသားတွေ အပြစ်မကင်းလှပါဘူး။ လူတို့ရဲ့ အပြုအမူ တွေက ဒီကိစ္စမှာ တာဝန်ရှိတယ်။ အထူးသဖြင့် ပိုးသတ်ဆေးတွေနဲ့ စက်ရုံ တွေက ထွက်တဲ့မီးခိုးတွေ ရှင်သန်နေထိုင်တဲ့ စားကျက်မြေတွေ လျော့နည်း လာမှုတွေက အဓိကအကြောင်းရင်းဖြစ်တယ်လို့ သိရပါတယ်။
အင်းဆက်မျိုးစိတ်ပေါင်း ၂၀ဝ၀ ကျော်လောက်ဟာ လူတွေရဲ့ အစားအစာ ဖြစ်နေပြီး ရာသီဥတုပြောင်းလဲမှု အခြေအနေကလည်း မျိုးသုဉ်းခြင်းကို I ပိုပြီးမြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။ လိပ်ပြာတွေ၊ နကျယ်ကောင်တွေ၊ ပုရွက် | ဆိတ်တွေ၊ ပျားတွေ၊ ပိတုန်းတွေ၊ ပုရစ်တွေနဲ့ ပုစဉ်းတွေရှားပါးလျော့နည်း | လာခြင်းကလည်း လူတွေရဲ့ အပြုအမူကနေဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေပါပဲ။ အင်းဆက်တွေ မျိုးသုဉ်းသွားရင်ကျွန်ုပ်တို့အနေနဲ့ မျိုးစိတ်တွေ | ပြုန်းတီးခြင်းထက်ပိုတဲ့ ဆုံးရှုံးမှုတွေရင်ဆိုင်လာရနိုင်တယ်လို့ ကာဒိုဆိုက သတိပေးခဲ့ပါတယ်။
ဦးနှောက်ထဲမှာ ဆယ်နှစ်ကြာရှိနေခဲ့တဲ့သန်ကောင်ကြောင့် ခေါင်းကိုက်ဝေဒနာခံစားနေခဲ့ရတဲ့ အမျိုးသား
မက္ကဆီကိုမှာ ဂီရာဒိုအမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ အပြင်းအထန် ခေါင်းကိုက်တဲ့ဝေဒနာကြောင့် အန်တဲ့အထိခံစားခဲ့ရပြီးတဲ့နောက်မှာတော့ ဆရာဝန်တွေက ၎င်းခေါင်းကိုက်ရတဲ့ အကြောင်းရင်းကို ရှာတွေ့ခဲ့ပါတယ်။ အကြောင်းကတော့ တုပ်ပြားကောင် (သန်ကောင်) တစ်ကောင်ဟာ ၎င်းရဲ့ ဦးနှောက်ထဲမှာ ဆယ်နှစ်လောက်ကြာအောင် ရှိနေခဲ့လို့ပါပဲ။
တက္ကဆက်ပြည်နယ်ရှိ ဆရာဝန်တွေက ဂီရာဒိုဟာ လွန်ခဲ့တဲ့ဆယ်နှစ် အကြာက သေချာကျက်အောင် ချက်ပြုတ်စီမံထားခြင်းမရှိတဲ့ ဝက်သားကို စားသုံးရာကနေ သန်ကောင်ပါလာခဲ့ပြီးသန်ကောင်ဟာ အဲဒီအချိန်ကစလို့ တဖြည်းဖြည်းကြီးထွားလာခဲ့တာဖြစ်နိုင်တယ်လို့ တွေးထင်ခဲ့ကြပါတယ်။
ဂီရာဂိုက ၎င်းဟာ ခေါင်းကိုက်ဝေဒနာကိုခံစားလာရတာ လပေါင်းများစွာ ကြာပြီး မနှစ်က ဘောလုံးကစားနေချိန်မှာ သတိလစ်မေ့မြော သွားပြီးတဲ့နောက် အမ်အာအိုင် စစ်ဆေးခြင်းလုပ်ဆောင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ ခေါင်းကိုက်တာဟာ ပြင်းထန်လွန်းလို့ အော့အန်တဲ့အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဩစတင်ရှိ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပါရဂူဒေါက်တာ ဂျော်ဒန်အမာဒီယို က အခုလိုမျိုး ဦးနှောက်ထဲမှာဆယ်နှစ်ကြာအောင်သန်ကောင်တစ်ကောင်ရှိနေတဲ့ အဖြစ်မျိုးဟာ ထူးဆန်းတဲ့ ကြုံတောင့်ကြုံခဲဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ညနေစာအပေါ်မူတည်ပြီး နေ့လယ်စာကို ရွေးချယ်တတ်တဲ့ ကင်းမွန်ငါး
စားသောက်ဖွယ်စာရင်း (မီနူး) အပေါ်မူတည်ပြီး ပိုကောင်းတဲ့ညနေစာ အချိုပွဲစားဖို့အတွက် နေ့ခင်းမှာအစာနည်းနည်း လျှော့စားလိုက်တာမျိုးကို လူတွေလုပ်ဆောင်ကြလေ့ရှိပါတယ်။ အလားတူစွာပဲ ကင်းမွန်ငါးတွေဟာလည်း လူတွေလိုပဲ၎င်းတို့ရဲ့ အစားအစာကို ဦးစားပေးရွေးချယ်ကြတယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ဆိုပါတယ်။
ဘယ်လိုရွေးချယ်ပုံမျိုးလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကင်းမွန်ငါးတွေက ပုစွန်ဆိတ်တွေကိုစားရတာကို နှစ်သက်ပြီး တကယ်လို့ ညနေမှာ ပုစွန်တွေ စားရဖို့ရှိတယ်ဆိုရင် နေ့ခင်းအချိန်မှာပိုပြီးသေးငယ်တဲ့ ကဏန်းတွေကိုသာ ရွေးပြီးစားတယ်လို့ သိရပါတယ်။ ဘာဖြစ်လာမယ်ဆိုတဲ့ မှန်းဆချက် အပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတာဟာ ကင်းမွန်ငါးတွေရဲ့ ရှုပ်ထွေးနက်နဲတဲ့ သိမြင်နိုင်မှုစွမ်းရည်ဖြစ်တယ်လို့ လေ့လာသူ ပညာရှင်တွေက ထောက်ပြ ခဲ့ပါတယ်။
ဥရောပနိုင်ငံတွေမှာ တွေ့မြင်ရတဲ့ ကင်းမွန် ၂၉ မျိုးကို ပုစွန်ဆိတ်နဲ့ ကဏန်းမှာဘယ်ဟာကို ပိုပြီးဦးစားပေးတယ်ဆိုတာကို လေ့လာစမ်းသပ် ကြည့်ခဲ့ပါတယ်။ လေ့လာသူတွေက ကင်းမွန်ငါးတွေကို ညနေခင်းအချိန်တိုင်း တခြားအစာမကျွေးခင် ပုစွန်ဆိတ်တွေကျွေးပြီး စမ်းသပ်ခဲ့ပါတယ်။
ညနေခင်းတိုင်း ပုစွန်ဆိတ်တစ်ကောင်စားရတဲ့အခါ ကင်းမွန်ဟာ နေ့ခင်း မှာအစာပိုရွေးလာပြီး ကဏန်းလေးတွေကို အနည်းငယ်သာ စားသုံးလာ ပါတယ်။ ဒါပေမယ့် ညနေခင်းမှာ ပုစွန်ဆိတ်မဟုတ်ဘဲ တခြားအစာပြောင်းကျွေးတဲ့အခါမှာတော့ ကင်းမွန်တွေဟာ နေ့ဘက်မှာ ကဏန်းတွေကိုပိုပြီး များများစားတာကို တွေ့ရှိရပါတယ်။ ကင်းမွန်တွေက လူတွေလိုမျိုး သိမြင်နိုင်စွမ်းနဲ့ အစာရွေးချယ်တတ်ကြောင်း ဆန်းကြယ်တဲ့ အလေ့အထ တစ်ခုအဖြစ် လေ့လာသိရှိခဲ့ရပါတယ်။
၁၆ ရက်တိုင်းမှာ တစ်ကြိမ်ဆန်းကြယ်စွာ ပေါ်ထွက်လာတဲ့ ရေဒီယိုအချက်ပြမှု
နဂါးငွေ့တန်းအပြင်ဘက်ကနေ ရေဒီယိုလှိုင်းတွေကို ထုတ်လွှတ်နေတဲ့ ဖြစ်စဉ်တစ်ခုကို ပန်တစ်တန်အနီးရှိ ရေဒီယိုတယ်လီစကုပ်တစ်ခုက ဖမ်းယူ သိရှိခဲ့ရပြီး ဒီဖြစ်စဉ်ဟာသမိုင်းမှာဒုတိယအကြိမ်ဖြစ်ပေါ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အာကာသဆီကနေ ဆန်းကြယ်တဲ့ရေဒီယိုအချက်ပြမှုကို ကနေဒါ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာဖြစ်ပြီး ဒီအချက်ပြမှုဟာ ၁၆ ရက်တိုင်းမှာ တစ်ကြိမ် ပုံမှန်လိုလို မကြာခဏထပ်ဖြစ်ပေါ်ဟန်ရှိတယ်လို့ ဒီကိစ္စကို အထူးပြု လေ့လာနေကြတဲ့ နက္ခတ်ပညာရှင်တွေရဲ့ သုတေသနစာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။
အာကာသဆီကထွက်ပေါ်လာတဲ့အဲဒီရေဒီယိုအချက်ပြမှုဟာ တူညီတဲ့ အချိန်တစ်ခုနဲ့တစ်ခုကြားမှာ မကြာခဏဆိုသလို ပေါ်ထွက်လာသလို ဒီအရာကို တူညီတဲ့အချိန်တိုင်းမှာ ယန္တရားတစ်ခုခုက အပြင်ဘက်ဆီပို့လွှတ်နေဟန် ရှိတယ်လို့လည်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတွေ့ရှိချက်တွေကိုတော့ ကျွမ်းကျင်သူတွေက ဆန်းစစ်အဖြေရှာရခြင်း မရှိသေးပါဘူး။
demos - Global news / CNN


