နေပြည်တော် ၁၀ ဇန်နဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်အနီး၊ မိုင်းဆတ်-တာချီလိတ်ကားလမ်းတွင် လီဆော်မောင်းနှင်ပြီး အားဆား လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ ကိုလည်းကောင်း၊
အလားတူယင်းနေ့ မွန်းလွဲ ၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သိန္နီမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးကားလမ်းတွင် Probox အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ရှိန်ဝမ်၏ ခရီးဆောင်အိတ်အတွင်းတို့မှ ဘိန်းဆီခဲ ၇ ဒသမ ၆ ကီလို၊ မြန်မာငွေကျပ် ၇၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ထို့အတူ ထိုနေ့ ညနေ ၄ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာ၊ လွယ်ဆုတောင်းစေတီအနီး၊ မူဆယ်- နမ့်ခမ်းသွားကားလမ်းတွင် နော်ဆိုင်း မောင်းနှင်လာသော TOYOTA VIGO HILUX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ကာလတန်ဖိုးငွေကျပ် ၄၀၈၆ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၆,ဝ၀ဝ ၊ ဘိန်းဖြူ ၁ ဒသမ ၉၈ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


