တာချီလိတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြာပွဲကို ယနေ့နံနက်ပိုင်းတွင် အခြေခံပညာ အထက်တန်းကျောင်း (တာချီလိတ်)၌ ကျင်းပသည်။
ဦးစွာ ခရိုင်လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲအုပ်မင်းခိုင် က လူမှောင်ခို၊ လူကုန်ကူးမှု၏ အဓိပ္ပာယ်နှင့် လူကုန်ကူးမှုမြောက်သည့် နည်းလမ်းများ၊ ယနေ့ခေတ်တွင် အွန်လိုင်းဆိုရှယ်မီဒီယာများ အသုံးပြု၍ လောင်းကစားမှုများ၊ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် သွေးဆောင်လိမ်လည်မှု ဖြစ်စဉ် များနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေး လိမ်လည်မှုဆိုင်ရာ အသိပညာပေး Video Clip ကို ပြသသည်။
ရှင်းလင်းဟောပြော
ထို့နောက် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်) တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အေးမင်းအောင်နှင့် ဒုတိယရဲအုပ် သင်းသင်းလှိုင်တို့က ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ ရှောင်ရန်အချက် များကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)


