တာချီလိတ် ၃၀  မတ် 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှု ဆက်လက်ဖြစ်ပေါ်နေလျှက်ရှိရာ မတ်လ ၂၉ ရက် နံနက်ပိုင်းတွင် လေထုညစ်ညမ်းမှု အညွန်းကိန်း  (AQI) မှာ (၁၅၆) ခန့် ဖြစ်ကြောင်း  ပတ်ဝန်းကျင်ထိန်းသိမ်းဦးစီးဌာန၏ ဒုတိယအကြိမ် တိုင်းတာချက်အရ သိရသည်။

 

ယနေ့တိုင်းတာချက်များအရ လေထုအတွင်း လူကို  အန္တရာယ်ပေးနိုင်သည့် ကာဗွန်မိုနောက်ဆိုဒ်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် အနည်းငယ်သာပါဝင်ပြီး၊ အောက်စီဂျင် ပါဝင်မှုနှုန်း မြင့်မားလျှက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်၍  အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါရှိသူ များ ၊ ကလေးသူငယ်များအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်နှင့် နေအိမ်ပြင်ပသို့ထွက်ခွာသူများအနေဖြင့်လည်း မျက်နှာ အကာ ( Mask ) များ  တပ်ဆင်ပြီးမှ ထွက်ခွာရန်၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဝေဒနာများခံစားရပါက နီးစပ်ရာ ပြည်သူ့ဆေးရုံ/ ကျန်းမာရေးဆေးပေးခန်းများသို့ ဆက်သွယ် သတင်းပို့ကြရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီက ယနေ့မတ်လ(၂၉)ရက် နေ့စွဲဖြင့် သတိပေးကြေငြာချက် ထပ်မံထုတ်ပြန်လိုက်ကြောင်း တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

MDN

 

FB_IM