၂၁ ဖေဖော်ဝါရီ
တာလီဘန်ခေါင်းဆောင်များသည် အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးရန် ကတိကဝတ်ပြုလုပ်ခဲ့ကြောင်း တာလီဘန်ခေါင်းဆောင်တစ်ဦးက New York Times သတင်းစာတွင် ဖော်ပြခဲ့သည်။
တာလီဘန်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆိုင်ရာဂျုဒင်ဟတ်ကာနီက နယူးယောက်တိုင်းမ်သတင်းစာတွင် “What We, the Taliban, Want” ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတစ်ပုဒ် ယမန်နေ့က ပါရှိခဲ့သည်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် အကြမ်းဖက်မှုလျှော့ချရေး အဆိုပြုချက်ကို နှစ်ဖက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါ ထုတ်ဖော်ပြောကြားပြီး တစ်ပတ်အကြာတွင် အဆိုပါ သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ သဘောတူညီချက်မှာ အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဆုတ်ခွာရန် နည်းလမ်းလည်း ဖြစ်နိုင်သည်။
အာဖဂန်နစ္စတန်တွင် နိုင်ငံခြားတပ်များပြန်လည်ရုပ်သိမ်းပြီးနောက်တွင် ငြိမ်းချမ်းရေးအတွက် မျှော်လင့်နိုင်ကြောင်း ဟားကာနီက ထုတ်ဖော်ပြောကြားခဲ့သည်။
တာလီဘန်တွေရဲ့ရန်လိုမှုတွေကို အဆုံးသတ်ပြီး တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်ဖို့ ၎င်းက ကတိက ဝ တ်ပြုခဲ့သည် ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးရရှိရန် တံခါးဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျွန်တော်တို့က အမေရိကန်ပြည်ထောင်စု၏ စည်းကမ်းချက် တစ်ခုချင်းစီကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်သတင်းစာတွင် ထင်မြင်ချက်ပေးသည့်အရာတစ်ခုမှာ ပုံမှန်မဟုတ်သောကိစ္စဖြစ်သည်ဟု တာလီဘန်အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သတင်းသည် အမေရိကန်စစ်တပ်များ စောစီးစွာဆုတ်ခွာခြင်းအတွက် ပြည်သူလူထု၏ ထောက်ခံမှုကိုရရှိရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


