တစ်ကျော့ပြန်အိုးရှင်း ပြန်လည်ကြည့်ရှုရတော့မည်

၂၃ ဇူလိုင်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ၁၉၉၅ ခုနှစ်တွင် နေ့စဉ်ပြသခဲ့ပြီး ပြည်သူများကြိုက်နှစ်သက်အားပေး မှုရရှိခဲ့သည့် ဂျပန်နိုင်ငံ၏ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲဖြစ်သည့် အိုးရှင်း ကို ရုပ်ပုံအရည်အသွေး မြင့်မားစွာဖြင့် MNTV ရုပ်သံလိုင်းမှ တဖန်ပြန်လည်ပြသတော့မည်ဖြစ်ကြောင်းသိရှိရသည်။

 

အဆိုပါ  အိုးရှင်း ဇာတ်လမ်းတွဲကို ဂျပန်နိုင်ငံတွင် ၁၉၈၃ ခုနှစ် ကစတင်၍ တစ်နှစ်ကျော်ခန့်  ထုတ်လွှင့်ပြသခဲ့ရပြီး  နိုင်ငံပေါင်း (၇၀)ကျော် တွင်လည်းပြသခဲ့သည်။ ဇာတ်လမ်းတွင်  (၂၉၇ )  ပိုင်းပါဝင်ပြီး ၊ ယင်း ဇာတ်လမ်းတွင်   ကလေးဘဝကို သရုပ်ဆောင်ခဲ့သူ  မင်းသမီး Ayako Kobayashi ဖြစ်သူလည်း  မြန်မာပြည်ကို ရောက်ရှိနေစဉ်အတွင်း ယင်းဇာတ်ကားကြီးနှင့် သူ၏ အနုပညာ ပုံရိပ်အချိူ့ နှင့်      မြန်မာပြည်ပရိသတ်တွေ အပေါ် ထားရှိသည့် သဘောထားအချိူ့ကို သိခွင့်ရခဲ့သည်။

 

အိုးရှင်း ဇာတ်ကား  နှင့် အနုပညာဖန်တီးမှု

 

အိုရှင်းဇာတ်ကားအပြင် တခြားဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။အိုရှင်းဇာတ်ကားကို ရေးတဲ့ဇာတ်ညွှန်းရေးဆရာ ကိုယ့်ရဲ့လက်ဦးဆရာဖြစ်တဲ့အတွက်ကြောင့် သူရဲ့ဇာတ်ညွှန်းနဲ့ နောက်ထပ် ဇာတ်လမ်းတွဲတွေကို သရုပ်ဆောင်ပါတယ်။ အခုအချိန်ထိလည်း ဇာတ်ကားတွေ၊ ရုပ်သံဇာတ် လမ်းတွေကို ရိုက်ကူးလျှက်ရှိပါတယ်။အနုပညာနဲ့ပတ်သက်တဲ့ အလုပ်တွေ တော်တော်များများ လုပ်ပါတယ်၊ အခုမြန်မာပြည်မှာလည်း ဇာတ်လမ်းတွဲတွေ အများကြီး ထုတ်လွှင့်ပြသနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အိုးရှင်းအနေနဲ့ကတော့ ဂျပန်ဟန်နဲ့ပေါ့ ရိုက်ကွင်းရိုက်ကွက်တွေ ဒီဇာတ်ညွှန်းမှာရှိတဲ့ ဆရာရဲ့သူရဲ့လက်ရာတွေကတော့ ဒါက အိုးရှင်းအနေနဲ့ ကိုယ်ပိုင်ဟန်ရှိပြီးသားဖြစ်တဲ့အတွက် အောင်မြင်မူရရှိလိမ့်မယ်လို့ ကျွန်မယုံကြည်မူရှိပါတယ်။

 

ဇာတ်ကား၏ နောက်ကွယ်

 

ရိုက်ကူးတုန်းကတော့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ဂျပန်မြို့ပေါ်မှာမဟုတ်ဘဲ နယ်မြို့လေးတွေမှာ သွားရောက် ရိုကင်ကူးခဲ့ရတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ အားလုံးကတော့ ဒီမေတ္တာဖွဲ့ဇာတ်လမ်းကို အကောင်းဆုံးဖြစ်အောင် ပြီးမြောက်အောင် လုပ်ဆောင်ကြမယ်ဆိုပြီးတော့ လုပ်ခဲ့ကြပါတယ်။ ငယ်ဘဝမှာသရုပ်ဆောင်ခဲ့ရတယ်ဆိုပေမယ့် ရည်မှန်းချက်ကိုရောက်အောင်သွားမယ်ဆိုတဲ့ စိတ်နဲ့ ရိုက်ကူးခဲ့ရတယ်။အေးခဲနေတဲ့ ဆောင်းရာသီမှာ ရေအေးကို ကိုင်ခဲ့ရတဲ့အတွက် လက်တွေ ထုံကျင်ပြီးတော့ တောင့်တင်းနေလို့ မိတ်ကပ်ဆရာတွေက အပူးပေးတဲ့စက်နဲ့တောင် မှုတ်ပေးခဲ့ရပါတယ်။

 

ကွာခြားမှု

 

ဘယ်လိုတွေကွာခြားသွားလဲဆိုတာကတော့ ပြောလို့မရပါဘူး။ကလေးဘဝတုန်းက ဇာတ်လမ်း ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ အနေအထားနဲ့ အခုအသက်အရွယ်အနေအထားနဲ့က များကြီးကွာသွားတာဖြစ်တဲ့ အတွက်ကြောင့် အခုအင်တာဗျူးတွေ ကြည့်ပြီးတော့ ဒီမင်းသမီးက အိုးရှင်းကားထဲမှာ ငယ်ဘဝကိုသရုပ်ဆောင်ထားတဲ့ မင်းသမီးပါလားဆိုပြီးတော့ လက်ခံပြီး ကြည့်ပေးမယ်လို့ ထင်ပါတယ်။

 

မြန်မာပရိသတ်အပေါ်သဘောထား

 

မြန်မာကိုတော့ ကလေးဘဝကတည်းကသိခဲ့တာပါ။ အာရှအရှေ့တောင်ပိုင်းမှာ ရှိတယ်။ဒါပေမဲ့ ဘယ်လို နိုင်ငံလဲဆိုတာကတော့ အခုမှ ရောက်ဖူးတာပါ။မြန်မာပြည်ကို အခုမှစရောက်ဖူးတာဖြစ်ပေမယ့် မိုးရာသီလည်း ဖြစ်နေတော့ သွားလာလှုပ်ရှားမူတွေကို ကြည့်ရင်းနဲ့ မြန်မာပြည်မှာ သဘာ၀ ပတ်ဝန်းကျင် စိမ်းစိုနဲရှိနေတာကိုတွေ့ရတဲ့အပြင် မိုးရေထဲမှာ လူတွေရဲ့လှုပ်ရှားနေတဲ့ပုံရိပ်လေးတွေက တတ်ကြွစွာသွားနေတာကိုတွေ့ရတယ်။ မြန်မာပြည်က နွေးထွေးတာကိုလည်း သတိထားလိုက်မိတယ်။ ပြီးတော့ သိပ်ကိုလှပတဲ့ဒေသ ပုဂံကို အချိန်ရရင်တော့ သွားချင်ပါတယ်။ ကျိုက်ထီးရိုးကိုလည်း သွားချင်ပါတယ်။

 

မြန်မာပရိသတ်တွေအတွက်

 

လွန်ခဲ့တဲ့ ၃၅ နှစ်ကျော်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားက နောက်ထပ်တစ်ကြိမ် မြန်မာပြည်မှာ ပြန်လည် ပြသမှာ ဖြစ်တဲ့အတွက် အင်မတန်တော့ ပျော်ရွှင်မိပါတယ်။နောက်တစ်ခုက အိုးရှင်း ဇာတ်ကားကို ကြည့်ပြီးတော့ မေတ္တာတရားနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့ စိတ်ခွန်အား တွေကို မြန်မာပြည်က ပရိသတ်တွေ ဘဝမှာ ရှေ့ဆက်လျောက်ဖို့ ခွန်အားတွေ ရရှိလိမ့်မယ်လို့ မျော်လင့်မိပါတယ်။

 

ကိုလင်း