တစ်ကိုယ်တော်တေးသံရှင်အဖြစ် ပြန်လည်ထွက်ပေါ်လာတဲ့ ဟိုမင်

၆  သြဂုတ်

 

တစ်ချိန်က တောင်ကိုရီးယားရဲ့ အလွန်ကိုကျော်ကြားခဲ့တဲ့ အမျိုးသမီး တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ “T-ara” ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟိုမင်ဟာ လတ်တလောမှာတော့ တစ်ကိုယ်တော် တေးသံရှင်တစ်ဦးအဖြစ် ပရိသတ်ရှေ့ ပြန်လည်ပေါ်ထွက်လာဖို့ရာ ပြင်ဆင်နေပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လကုန်မှာ ဟိုမင်က သူ့ရဲ့တရားဝင်လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်တဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ သူ့ရဲ့ကိုယ်ပိုင်အရောင်လို့ သတ်မှတ်ထားတဲ့ အရောင်နဲ့အတူ ဖော်ပြမှုတစ်ခုပြုခဲ့ပြီး သူ့အနေနဲ့ ပရိသတ်ရှေ့ ပြန်လည် ပေါ်ထွက်လာတော့ မှာဖြစ်ကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။

 

ယခင်ကလည်း ဟိုမင်က သူဟာ တစ်ကိုယ်တော် တေးသံရှင်တစ်ဦးအဖြစ် အနုပညာခရီးဆက်ဖို့ရာ ပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့တေးသီချင်း သစ်ကိုတော့ ဩဂုတ်လကုန်ပိုင်း ဒါမှမဟုတ် စက်တင်ဘာလဆန်းပိုင်းမှာ ပရိသတ်ရှေ့အရောက် ပို့ဆောင်ပေးမှာဖြစ်ကြောင်းလည်း ပေါ့ပ်ကြယ်ပွင့်က အသိပေးခဲ့ပြီးဖြစ်ပါတယ်။

 

“T-ara”အဖွဲ့ဟာ MBK အန်တာတိန်းမန့်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လမ်းခွဲခဲ့ပြီး နောက်ပိုင်းမှာတော့ ဟိုမင်ဟာ ဆပ်လိုင်းအန်တာတိန်းမန့်နဲ့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ကိုယ်တော် တေးသံရှင်တစ်ဦးအဖြစ် ဆက်လက် ရပ်တည်ခဲ့ပေမယ့် အဖွဲ့ဝင်တွေက ပရိုမိုးရှင်းလုပ်ငန်းတွေကို အဖွဲ့လိုက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပရိသတ်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

အေးပြည့်