ဘုရားသုံးဆူ ၂၉ ဇန်နဝါရီ

         

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့အစွန်နေရာ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ခြုံနွယ်များ တောမီးလောင်ခဲ့ရာမှ ဦးစန်းထွန်း၏ ခြံနောက်တွင် ပျက်စီး၍ ရပ်တန့်ထားသော ၁၀ ဘီးယာဉ်တစ်စီးအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

         

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဘုရားသုံးဆူမြို့ နယ်မြေခံမီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး စောဒါယေလနှင့် တပ်ဖွဲ့၀င်များသည် မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 

၎င်းယာဉ်မှာ ပျက်စီးမှုကြောင့် ကာလကြာမြင့်စွာ ရပ်တန့်ထားပြီး ခြုံနွယ်အတွင်း ရောက်ရှိနေသဖြင့် မီးကူးစက် လောင်ကျွမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

 

စောရဲ၀င်းထွဋ်

(ပြန်/ဆက်)