၄ ဒီဇင်ဘာ

 

တောင်အာဖရိက အရှေ့ပိုင်း ဒါဘန်မြို့တွင် တရားမဝင်နေထိုင်သူများနေထိုင်ရာ ရပ်ကွက်ရှိ တဲအိမ်မှ စတင်ခဲ့သည့်မီးသည် အဆောက်အအုံ ၁၅၀ လောင်ကျွမ်းခဲ့ပြီး လူပေါင်း ၂၀၀ ကျော် ထိခိုက်ခဲ့သည်ဟု ဒေသခံအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း အီတက်ခ်ဝီနီ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

 

မီးသတ်နှင့်အရေးပေါ်အခြေအနေဆိုင်ရာ အဖွဲ့အစည်းက ထိုနေရာသို့ အလျင်အမြန်သွားရောက်ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းက မီးငြှိမ်းသတ်ခဲ့ကြသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြို့တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မတ်ဆဝါကီ မာရီစီလာ က ပြောကြားခဲ့သည်။

 

ယာယီခိုလှုံရေးစခန်းများကို လုံခြုံစွာထားရှိပြီး ဘေးဒဏ်သင့်သူများကို ကူညီရန် လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်း မာရီစီလာ က ဆိုသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို