တောင်ကြီး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမဆောင်၌ စက်တင်ဘာ ၂၃ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်း သူ ၃၀ တို့က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် ကဏ္ဍစုံရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းမှသည် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေးဆီသို့ ခေါင်းစဉ်ဖြင့် စာစီစာကုံးရေးသား ယှဉ်ပြိုင်ခဲ့ကြသည်။
လှည့်လည်ကြည့်ရှု
အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသူများအား အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့၌ ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်(ပြန်/ဆက်)


