တောင်ကြီး ၇  ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့  ကန်အောက်ရပ်ကွက်၊ နယ်မြေ(၁၀)၊အိမ်အမှတ်(၁၆၅) ပိုင်ရှင် ဦးခင်မောင်အေး (၆၂)နှစ်၊ ဦးခင်မောင်ချစ်(၅၉)နှစ်၊ဒေါ်ခင်သီတာ(၅၄)နှစ်၊နေထိုင်သော(၁၅×၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ် နေအိမ်တွင် ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မီနစ် အချိန်၌ လျှပ်စစ်ဒယ်နီ ဟင်းအိုတည်ထားရာမှ အပူလွန်ကဲ၍မီးလောင်ကျွမ်းခဲ့သည်။

 

3669

 

မီးလောင်မှုကြောင့် မောင်သက်ဝေ(ခ)ဂျီဂဲ၊(ဘ)ဦးမောင်ကို(၄၀)နှစ်၊ မှတ်ပုံတင်(မမှတ်မိ)သည် မီးလောင်၍ သေဆုံးခဲ့သည်။မီးလောင်မှုကြောင့်အိမ်(၁၅×၃၀)ပေ၊သွပ်မိုး၊ပျဉ်ကာ(၁)ထပ် နေအိမ်(၁)လုံး၊ အပ်ချုပ်စက် (၂)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

963.

 

အဆိုပါ ဖြစ်စဉ်သို့ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၂)စီး၊ ခရိုင်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ စုစုပေါင်း(၁၀)စီး၊ ရပ်ကွက်ရေသယ်ယာဉ် (၅)စီး၊ မီးသတ်ယာဉ်မှ ရေဂါလံ(၉၀ဝ၀)ခန့် ၊သန္ဓေတပ်ဖွဲ့ဝင်(၄၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၅)ဦး၊ စုစုပေါင်း(၅၅)ဦး၊ မိဘပြည်သူများတို့က ဝိုင်းဝန်ငြှိမ်းသတ်နိုင်ခဲ့ကြကြောင်း သိရသည်။

 

9520

 

စိုင်းသန်းကျော်(တောင်ကြီး)