၂၆ ဖေဖော်ဝါရီ
တောင်ကိုရီးယားနိုင်ငံမှာ အခြေစိုက်ထားတဲ့ အမေရိကန်စစ်စခန်းမှာ Covid 19 ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒီကနေ့(ဗုဒ္ဓဟူးနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။
တောင်ကိုရီးယားအား နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယားရန်ကနေ ကာကွယ်ရန်အတွက် အမေရိကန် စစ်သား ၂၈,၅၀၀ ဦးဟာ တောင်ကိုရီးယားနိုင်ငံတွင် စခန်းချထားပါတယ်။ စခန်းချထားတဲ့ အမေရိကန်စစ်သားတွေထဲက အသက် ၂၃ နှစ်အရွယ် စစ်သားမှာ ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့ရှိတာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသော စစ်သားဟာ သူ့အိမ်မှာဘဲ သီးသန့်နေထိုင်စေပြီး ကုသပေးနေကြောင်း ကိုရီးယားရှိအမေရိကန်တပ်က ထုတ်ပြန်ပြောဆိုထားသလို တခြားစစ်သားများကိုပါ ကူးစက်မှုရှိမရှိ စစ်ဆေးနေကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှ Covid 19 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ အသက် ၃၀ နှစ် ဝန်းကျင် မိုဂိုလီးယား နိုင်ငံသားတစ်ဦး အပါအဝင် ကူးစက်ခံရသူ ၁၁၄၆ ဦးရှိကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
အခြေစိုက်စခန်းဟာ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့တဲ့ ဒေဂူးမြို့ရဲ့ မြောက်ဘက် ၁၉ မိုင်အကွာမှာ ရှိတည်ရှိတယ်လို့ သိရပါတယ်။
Covid 19 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းဟာ ဒေဂူးမြို့မှာ တွေ့ရှိရပါတယ်။ ဒေဂူးမြို့ဟာ စတုတ္ထအကြီးဆုံး မြို့ ဖြစ်ပြီး လူဦးရေ ၂.၅ သန်း နေထိုင်ကြောင်း သိရပါတယ်။ မြို့ရဲ့ လမ်းတွေဟာ ကန္တာရဆန်ဆန် ခြောက်ကပ်နေတာကို တွေ့ရပြီး မျက်နှာဖုံးရောင်းတဲ့ ဆိုင်တွေမှာသာ လူတန်းရှည်ကြီးနဲ့ ဈေးဝယ်နေတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP


