၂၇ ဖေဖော်ဝါရီ
တောင်ကိုရီးယားနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် ပြီးခဲ့သည့်နှစ်က ၀ဒသမ ၉၂ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး တောင်းကိုရီးယားနိုင်ငံအတွက် စံချိန်တင် အနိမ့်ဆုံးဖြစ်ခဲ့သည်။
အဆိုပါ စာရင်းကို တောင်ကိုရီးယားနိုင်ငံ၏ အမျိုးသမီးတစ်ဉီး၏ ဘ၀တွင် ကလေးမွေးဖွားသည့် ပျှမ်းမျှ ကလေးအရေအတွက်ကို စာရင်းကောက်ခံခြင်းဖြစ်သည်။
တစ်နှစ်အောက်မွေးဖွားနှုန်းသည် ဒုတိယနှစ်အနေဖြင့် လျော့နည်းခဲ့သည်ဟု ဆိုသည်။
မနှစ်က မွေးဖွားနှုန်းသည် ၃၀၃၁၀၀ဉီးရေသို့ ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။ ၁၉၇၀ ခုနှစ်ထက်စာလျှင် မွေးဖွားနှုန်းသည် အနိမ့်ဆုံးဖြစ်သည်။
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ နောက်ဆုံးစာရင်းဇယားများအရ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တောင်ကိုရီးယား၏ မွေးဖွားနှုန်းသည် အဖွဲ့ဝင်များနိုင်ငံများထဲတွင် အနိမ့်ဆုံးနိုင်ငံဖြစ်နေသည်။
မွေးဖွားနှုန်းနိမ့်ကျခြင်းသည် လက်ထပ်ထိမ်းမြားမှုအရေအတွက် ကျဆင်းခြင်းနှင့် လူငယ်များအကြား အိမ်ထောင်ပြုမှု နောက်ကျသွားခြင်းတို့ကြောင့်ဖြစ်ကြောင်း စာရင်းအင်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစိုးရက ကလေးထောက်ပံ့ကြေး တိုးမြှင့်ခြင်းနှင့် ကလေးစောင့်ရှောက်ရေးစရိတ်များ ထောက်ပံ့ရန် ကြိုးပမ်းမှုများရှိသော်လည်း ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


