၁၃ မတ်

တောင်ကိုရီးယားနိုင်ငံက ကိုဗစ်-19 ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ သူနာပြုဆရာမတွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ ပလာစတာကပ်၊ ပတ်တီးစည်းပီး အချိန်ပြည့် အလုပ်လုပ်ခဲ့ရာ အခုတော့ အဲဒီပတ်တီးတွေဟာ ဂုဏ်ပြုခံအမှတ်အသားတွေဖြစ်လာကို တွေ့ရပါတယ်။

 

နိုင်ငံရဲ့ တောင်ပိုင်းရှိ ဗိုင်းရပ်စ်ပိုး စတင်ပျံ့ပွားရာ ဒေဂူးမြို့ရှိ  ကီမြောင်တက္ကသိုလ်ရဲ့ ဒေဂူးဒေါင်ဆန်ဆေးရုံမှာ တာဝန်ကျနေတဲ့ သူနာပြုတွေဟာ အလုပ်မဝင်ခင် ဗိုင်းရပ်စ်ပိုး ကာကွယ်ရေးဝတ်စုံဒဏ်ကို ခံနိုင်ရန် နှာဖူးနဲ့ နှာခေါင်း တွေကို ပလာစတာတွေ ကပ်ခဲ့ပါတယ်။ အဲဒီလို မျက်နှာကို အနာသက်သာအောင်လုပ်ဆောင်ပြီး ကာကွယ်ရေးဝတ်စုံကို ဝတ်ဆင်ပြီး နာရီပေါင်းများစွာ ကြာအောင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေကို ကုသပေးခဲ့ကြပါတယ်။

 

အဲဒီသူနာပြုအဖွဲ့မှာ အချိန်ပြည့်တာဝန်ထမ်းဆောင်သူများ ပါသလို လုပ်အားပေးသူနာပြုတွေပါ ပါဝင်တာကို တွေ့ရပါတယ်။ သူနာပြုဦးရေ စုစုပေါင်း ၂၀၀ လောက်က တစ်နေ့ကို ၈ နာရီကြာ တာဝန်ထမ်းဆောင်ကြရတာ ဖြစ်ပြီး တစ်ဝက်နီးပါးဟာ လုပ်အားပေးသူနာပြုတွေဖြစ်ကြောင်း ဆေးရုံမှ တာဝန်ရှိသူက ပြောပါတယ်။

 

ဒီသူနာပြုတွေဟာ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးမှာ အမှန်တကယ် ပါဝင်ခဲ့သူတွေဖြစ်တယ်။ သူတို့ဟာ တကယ့် သူရဲကောင်းတွေဖြစ်တယ်။ တစ်နိုင်ငံလုံးက သူတို့နောက်မှာရှိနေတယ်စတဲ့ စာတမ်းတွေက သူတို့အလုပ်လုပ်ရာ ဆေးရုံဝန်းမှာ ကပ်ထားပြီး သူတို့ကို ဂုဏ်ပြုနေတာကို တွေ့ရပါတယ်။

MDN
ကိုးကား - AFP