စက်တင်ဘာ ၁၂
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၉၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၄၀၄၁၈၂၅ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့်ရက်က ကိုဗစ်နေ့စဉ်ကူးစက်မှု ၂၈၂၁၄ ဦးရှိရာမှ ကူးစက်မှုမြင့်မားလာခဲ့သော်လည်း ပြီးခဲ့သည့်သီတင်းပတ်က ကူးစက်သူဦးရေ ၃၇၅၃၀ ထက် လျော့နည်းခဲ့သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သောသီတင်းပတ်က ရောဂါနေ့စဉ်ပျမ်းမျှကူးစက်ခံရသူ ၆၂၁၈၃ ဦး ရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
အဆိုပါရောဂါကူးစက်ခံရသူများအနက် ၂၀၂ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ယခုချိန်အထိ ပြည်ပကူးစက်မှုပေါင်း ၆၂၀၃၀ ဦးရှိလာသည်။
နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် ၂၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၇၄၉၈ ဦးရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


