ဩဂုတ် ၂၅

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၃၃၇၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၂၇၀၁၉၂၁ ဦးအထိ မြင့်တက်လာကြောင်းကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၃၉၃၃၉ ဦးရှိရာမှ ကူးစက်မှုအရေအတွက် လျော့ကျလာခြင်းဖြစ်သည်ဟု ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ဆိုသည်။

 

လွန်ခဲ့သောသီတင်းပတ်က ရောဂါနေ့စဉ်ပျမ်းမျှကူးစက်မှု ၁၂၀၁၄၈ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူများအနက် ၃၆၉ ဦးသည် ပြည်ပကူးစက်မှု ဖြစ်သည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၀၈ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၆၃၃၂ ဦးရှိလာသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို