တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းသင်္ဘောတစ်စင်းတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးလျက်ရှိ

မတ် ၁

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Jeju ကျွန်းတွင် ယနေ့ ငါးဖမ်းသင်္ဘောတစ်စင်းတိမ်းမှောက်ခဲ့ရာ သင်္ဘောသားတစ်ဦးသေဆုံးပြီး အခြားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်ကမ်းရိုးတန်းအဖွဲ့၏ ပြောကြားချက်ကိုကိုးကားပြီး ယွန်ဟပ်သတင်းအေဂျင်စီက ပြောကြားသည်။ အဆိုပါ ၃၃ တန်ရှိသောငါးဖမ်းသင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား ငါးဦးနှင့် ဗီယက်နမ်နိုင်ငံသား ငါးဦးတို့ပါရှိပြီး ထိုသင်္ဘောသည် ဒေသစံတော်ချိန် မနက် ၇ နာရီ ၂၄ မိနစ်ခန့်က Jeju ကျွန်း Seogwipo မြို့ ကီလိုမီတာ ၂၀ ခန့်အကွာရှိ ရေပြင်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်ငါးဦးနှင့် တောင်ကိုရီးယားသုံးဦးအပါအဝင် သင်္ဘောသားရှစ်ဦးအား အနီးအနားရှိငါးဖမ်းလှေတစ်စင်းက ကယ်ဆယ်နိုင်ခဲ့သည်။ ၎င်းတို့အနက် တစ်ဦးသည် နှလုံးရပ်သွားပြီးဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၇ မိနစ်အချိန်တွင် သေဆုံးသွားကြောင်း အတည်ပြုထားသည်။ ကယ်ဆယ်ရေးအလုပ်သများများသည် လေပြင်းများတိုက်ခတ်မှုနှင့် လှိုင်းကြီးမှုတို့ကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် အခက်အခဲများရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို