၂၆ မတ်
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၀၄ ဦးရှိလာရာ စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၉၂၄၁ ဦး ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူ ငါးဦး ရှိကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူပေါင်း ၁၃၁ ဦး ရှိလာပြီ ဖြစ်သည်။ သေဆုံးမှု စုစုပေါင်း ၁ ဒသမ ၄၂ ရာခိုင်နှုန်း ရှိသည်။
၄၁၄ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် သီးသန့်ခွဲခြားထားသည့် နေရာမှ ထွက်ခွာခွင့်ပြုခဲ့သည်။ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၄၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
ထိုဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်မှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ ၉၂၁၀ ဦး ရှိလာပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့သည်။
ဗိုင်းရပ်စ် သတိပေးချက်အဆင့် လေးဆင့်ရှိရာတွင် အမြင့်ဆုံးဖြစ်သော အနီရောင်အဆင့်သို့ မြင့်တက်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


