၁၆ ဧပြီ

တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မွန်ဂျီအင်း ဉီးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံတွင် လွှတ်တော်အမတ်အများဆုံးအနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့နိုင်တဲ့စနစ်နဲ့ မဲဆန္ဒအချိုးကျ အနိုင်ရတဲ့စနစ်  နှစ်ခုကိုရောပြီး ကျင့်သုံးတဲ့ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတာဖြစ်ပါတယ်။ သမ္မတရဲ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်တွင် နေရာ ၃၀၀ မှာ ၁၆၃ နေရာရရှိတဲ့အတွက် အများဆုံး အနိုင်ရရှိတဲ့ပါတီ ဖြစ်ပါတယ်။

 

ဒီမိုကရက်တစ်ပါတီရဲ့ မောင်နှမ ပါတီက အချိုးကျ စနစ်ကို ကိုယ်စားပြုတဲ့ နေရာမှာ ၁၇ နေရာ အနိုင်ရဖို့ မျှော်လင့်ရပါတယ်။ အချိုးကျစနစ်မှာ နေရာပေါင်း ၁၈၀ အတွက် အနိုင်ရစာရင်းကို ဒီနေ့ ညနေပိုင်းမှာ ကြေညာမှာ ဖြစ်ပါတယ်။

 

အဓိက အတိုက်အခံပါတီဖြစ်တဲ့ United Future Party (UFP) နဲ့ သူ့ရဲ့ မိတ်ဖက်ပါတီက  နေရာ ၉၇ ခုမှာ အနိုင်ရဖို့ အဓိကထားခဲ့ကြောင်း သိရပါတယ်။

 

မနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၆၆ ဒသမ ၂ ရာခိုင်နှုန်း လာရောက်မဲပေးတဲ့အတွက် ၁၉၉၂ ခုနှစ်နောက်ပိုင်း လွှတ်တော်ရွေးကောက်ပွဲမှာ မဲအများဆုံး လာရောက်ထည့်တယ်လို့ သိရပါတယ်။ ကပ်ရောဂါ ဖြစ်နေချိန်မှာ ပထမဦးဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်  မဲလာပေးသူတွေဟာ မျက်နှာဖုံးနဲ့ ပလတ်စတစ် လက်အိတ်တွေ ဝတ်ဆင်လာသလို မဲရုံအဝင်ဝမှာ အပူချိန်တိုင်းတာမျိုးပါ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

MDN
ကိုးကား - AFP