၂၈ နိုဝင်ဘာ

ဂျပန်နှင့် တောင်ကိုရီးယား၏ တင်းမာနေသော သံတမန်ဆက်ဆံရေးသည် ၎င်းတို့၏ ကုန်သွယ်ရေး ဆက်ဆံမှုပေါ်တွင် ပိုမိုအလေးပိုလျက်ရှိသည်။ အိမ်နီးချင်း ကိုရီးယားသို့ အစားအစာနှင့် အခြားကုန်ပစ္စည်းများတင်ပို့သော ပမာဏသည် အောက်တိုဘာလတွင် ထိုးဆင်းသွားကြောင်း ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစားအစာများ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှင့်နှိုင်းယှဉ်လျှင် ၅၈.၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းနှင့် လက်ရှိ ဂျပန်ထုတ်ကုန်ပစ္စည်းများကို သုံးစွဲနေကြသူများ၏ ဆန္ဒပြမှုများသည် တင်ပို့မှုကျဆင်းရခြင်း၏ အဓိကအချက်ဖြစ်ကြောင်း နားလည်လက်ခံထားသည်။

မကြာသေးမီ အချိန်ထိပင် တောင်ကိုရီးယားအရက်သေစာသောက်သုံးသူများသည် ဂျပန်ထုတ် ဘီယာများ၏ အမာခံ ဖောက်သည်များဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာမှ စတင်၍ အဆိုပါကုန်ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။ ထို့အပြင် အသင့်စားခေါက်ဆွဲထုပ်များ တင်ပို့မှုကိုလည်း ပိတ်ပင်ခဲ့သည်။ လျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကိရိယာများတင်ပို့မှုသည်လည်း ၄၉ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့သည်။ ဂျပန်နိုင်ငံသည် အဆင့်မြင့်နည်းပညာပစ္စည်းများ တင်ပို့မှုထိန်းချုပ်ရေးကို ပြီးခဲ့သည့် ဇွန်လမှစ၍ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်