သံတွဲ ၇ မေ

 


သံတွဲခရိုင် တောင်ကုတ်မြို့နယ်အတွင်းရှိ သောက်သုံးရေများ ပြတ်လတ်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ ပရဟိတအသင်းအဖွဲ့များ စေတနာရှင် အလှူရှင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

ိတနမ

 


သောက်သုံးရေတွင်း ရေကန်များ ခန်းခြောက်ပြီး သောက်သုံးရေများ လိုအပ်လျက်ရှိသော မိုးကျေးရွာနှင့် အခမဲ့ပညာဒါန ကိုယ်ပိုင်အထက်တန်းကျောင်း မဟော်သဓာသို့ ဌာနဆိုင်ရာများ၊ အဖြူရောင်စေတနာရှင်များ၊ ပရဟိတနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်းကာ သောက်သုံးရေများနှင့် သောက်ရေသန့်များ လှူဒါန်းခဲ့ကြောင်းနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့လည်း သောက်သုံရေများ ဖြန်းဝေလျက်ရှိကြောင်း သတင်းရရှိသည်။

 


မြိုနယ်(ပြန်/ဆက်)

 

အမ