တောင်တွင်းကြီး ၁၂ ဧပြီ

 

၂၃၀ ကေဗွီ တောင်တွင်းကြီး-သပြေဝ လိုင်း အပြစ်ဖြစ်သွား၍ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဓာတ်အားစနစ် System Break Down အပြစ် ဖြစ်သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ဓာတ်အားပြန်ပေးနိုင်ရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC မှ ဆောင်ရွက်လျက်ရှိကြောင်း YESC call centre မှ သိရသည်။

 

MDN