တော်ဝင်မင်္ဂလာဆောင်တက်ရောက်ခွင့်ရ ဧည့်သည်တွေကို ကမ်းတဲ့ အိတ်လေးတွေကို eBay မှာ လေလံတင်

၂၂ မေ

 


ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့တဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီ နဲ့ မက်ဂန်မာကယ်တို့ရဲ့ မင်္ဂလာအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဧည့်သည်တွေကို ကမ်းတဲ့ ဖျင်ကြမ်းစနဲ့ ချုပ်ထားတဲ့ အိတ်လေးတွေကို တချို့က eBay မှာ လေလံတင်ရောင်းချနေပါတယ်။ 

 

 


အဲဒီလိုလေလံတင်တဲ့ အိတ်တွေထဲက တစ်လုံးက အခုဆိုရင် စတာလင်ပေါင် ၅၀,ဝ၀ဝ ( အမေရိကန် ဒေါ်လာ ၆၇,၁၀ဝ) ရှိနေပါပြီ။ လေလံပိတ်မယ့် ရက်က နောက်ထပ် ၂ ရက်တိတိကျန်သေးတဲ့အတွက် ယခုဈေးထက် ဈေးပိုမြင့်တဲ့ အခြေအနေရှိပါတယ်။ 

 

 


အဲဒီအိတ်လေးတွေဟာ ဖျင်ကြမ်းအရောင်အိတ်ကို အပြာရောင်လက်ကိုင်တပ်ပြီး အိတ်အပြင်မှာ ဆေးအပြာ ရောင် နဲ့ ဟယ်ရီနဲ့ မက်ဂန်တို့နာမယ် အတိုကောက် HM၊  မင်္ဂလာနေ့စွဲ နဲ့ ကျင်းပရာနေရာတို့ကို ရေးသားထားပါတယ်။ 

 

 


အဲဒီအိတ်ငယ်လေးထဲမှာ အခမ်းအနား အစီအစဉ်၊ ရွှေရောင် ချောကလက် ဒင်္ဂါးအဝိုင်းတစ်ခု၊ သောက်ရေသန့်ဘူး တစ်ဘူး၊ တော်ဝင်မင်္ဂလာဆောင် ရေခဲသေတ္တာကပ် သံလိုက်တစ်ခု၊ တော်ဝင်မင်္ဂလာဆောင်အတွက် သီးသန့်လုပ်ပေးထားတဲ့ shortbread ဘူးတစ်ဘူး တို့ပါရှိပါတယ်။ 

 

 


ဖိတ်ကြားခံထားရတဲ့သူတွေကတော့ တော်ဝင်မိသားစုဝင်များ၊ အဆင့်အေ သတ်မှတ်ထားတဲ့ ကျော်ကြားထင်ရှားသူတွေ အပါအဝင်  ဗြိတိသျှ လူမျိုး ၁၂၀ဝ၊ လူမှုအဖွဲ့အစည်းတွေက လူပေါင်း ၂၀ဝ၊ ဝင်ဆာနန်းတော်ပတ်ဝန်းကျင်က ဒေသခံ ၆၁၀၊ ဝင်ဆာ ဝန်းကျင်က ကျောင်းတွေထဲက ကျောင်းသား ၁၀ဝ နဲ့ တော်ဝင် ဝန်ထမ်း ၅၃၀ တို့ဖြစ်ပါတယ်။ 

 


MDN
ကိုကား -AFP.

ဓါတ်ပုံ- AFP,The Sun, The Mirror