မင်းကင်း  ၁  ဧပြီ 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း တီဘီတိုက်ဖျက်ရေးစီမံချက် လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်ဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

 

9

 

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ထက်အောင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူသူလွင်တိုက အဖွင့်အမှာစကားပြောကြားကြပြီး တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်အရာရှိ ဦးဗိုလ်ဗိုလ်ကျော်နှင့် မြို့နယ်စီမံချက်ညှိနှိုင်းရေးမှူး ဦးကျော်သက်ဦး တို့က စီမံချက်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆိုင်ရာအားသာချက်အားနည်းချက်နှင့် ရလဒ်များအား ပါဝါပွိုင့်ဖြင့် သုံးသပ်တင်ပြဆွေးနွေကြသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးကျန်ထိုက်မိုး တို့က လိုအပ်သည်များကို ဖြည့်ဆည်းအကြံပြုပေးခဲ့ကြပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

ချင်းတွင်းသား