တီးတိန် စက်တင်ဘာ ၂၅
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တီးတိန်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ကျင်းပသည်။
ဦးစွာ တီးတိန်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကား ပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး မြို့ပေါ်ကျောင်းများဖြစ်သော အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်းခွဲ၊ အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မိုးမိုး


